ယင်းသို့ ထုတ်ပယ်ခြင်းမှာ တရားမဝင်ဟု ထုတ်ပယ်ခံရသော ဦးကျော်မြင့်ပြော
ရခိုင်အမျိုးသားပါတီ (ANP)၏သဘောထားရပ်တည်ချက်များကို လက်မခံနိုင်ကြောင်း ရှင်းလင်းပွဲပြုလုပ်ထုတ်ပြန်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်အမျိုးသားပါတီ (ANP)ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၄ နေရာ အနိုင်ရရှိခဲ့သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ(RND P)နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ၁၁ နေရာအနိုင်ရရှိခဲ့သော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ပေါင်းစည်းဖွဲ့စည်းထားခြင်းဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ၂၃ နေရာ အနိုင်ရရှိခဲ့သော ANP က ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရရှိပါက အတိုက်အ ခံပါတီအဖြစ် ရပ်တည်မည်ဖြစ် ကြောင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ဝင် တိုင်းရင်းသားပါတီများ စု စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့(UNA)နှင့် ၏မဟာမိတ် ဆက်ဆံရေးကို ရပ်စဲကြောင်း သ ဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်များ သည် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုကို ပျက်ပြားစေသဖြင့် လက်မခံနိုင်ကြောင်း ANP CEC အဖွဲ့တွင် ပါဝင်သည့် ALD ထိပ် ပိုင်းခေါင်းဆောင်များဖြစ်သော ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုး ကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့်တို့ခြောက် ဦးက သတင်းစာရှင်းလင်းပွဲ ပြု လုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ လက်ရှိ အမျိုးသားလွှတ် တော် ဒုဥက္ကဌအဖြစ် တာဝန်ပေး အပ်ခံထားရသည့် ဦးအေးသာ အောင်ဦးဆောင်သော ALD သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မဟာမိတ်လည်းဖြစ်သည်။
အဆိုပါခြောက်ဦးကိစ်စနှင့် ပတ်သက်၍ မတ်လ ၁၂ ရက်မှစ၍ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြုလုပ်ခဲ့ သည့် ANP ဗဟိုကော်မတီအရေး ပေါ်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။ ဗဟိုကော်မတီ၏ဆွေး နွေးတင်ပြချက်များကို မတ်လ ၁၃ရက်က စစ်တွေမြို့ရှိ ANP ဗဟို ဌာနချုပ်တွင် CEC အစည်းအဝေးထပ်မံပြုလုပ်၍ ခွင့်ပြုချက်မရှိဘဲ လူသိရှင်ကြားရှင်းလင်းပွဲပြုလုပ် ခဲ့သည့် CEC များကို ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ANP အ ထွေထွေအတွင်းရေးမှူး ဦးထွန်း အောင်ကျော်က ပြောသည်။
‘‘နောက်ကို ဒါမျိုးတွေမဖြစ် အောင် ပြတ်ပြတ်သားသားအရေး ယူ ဟန့်တားသင့်တယ်လို့ CEC အဖွဲ့က ဆုံးဖြတ်တဲ့အတွက် Press လုပ်ခဲ့တဲ့၊ ရခိုင်အမျိုးသား ပါတီ(ALD)လို့ သုံးနှုန်းခဲ့တဲ့ ပုဂ္ဂိုလ်ခြောက်ဦးကို ပါတီဝင်အဖြစ်မှ ရော၊ ပါတီတာဝန်အဆင့်ဆင့်က ရော လုံးဝထုတ်ပယ်လိုက်ပြီဖြစ်ပါ တယ်’’ဟု ဦးထွန်းအောင်ကျော်က 7Day Daily အား ပြောသည်။
မတ်လ ၁၃ ရက်တွင်ပြုလုပ် သော ပါတီဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးသို့ CEC ၃၇ ဦးရှိသည့်အနက် ၂၅ ဦးတက် ရောက်ခဲ့၍ အထမြောက်ကြောင်း လည်း ANP ခေါင်းဆောင်များက ဆိုသည်။ ANP CEC အဖွဲ့တွင် RND P မှ ၃၀ဦး၊ ALD မှ ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ယခုပြုလုပ်သည့် ဗဟိုကော်မတီအရေး ပေါ်အစည်းအဝေးနှင့် CEC အစည်းအဝေးများတွင် ALD ဘက်မှ တစ်ဦးမျှ မတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးသို့ ဖိတ်ကြားခြင်း မရှိသောကြောင့် မတက်ရောက်ခဲ့ ခြင်းဖြစ်ကြောင်း ဦးကျော်မြင့်က ဆိုပြီး ANP ဘက်ကမူ CEC အား လုံးကို အသိပေးဖိတ်ကြားထား ကြောင်း ပြောသည်။
ပါတီမှ ထုတ်ပယ်ခံရသော ဦးကျော်မြင့်က ၎တို့သည် ANP ကို စတင်ထူထောင်ခဲ့သူများဖြစ် ပြီး ယခုကဲ့သို့ ထုတ်ပယ်ခြင်းမှာ ပါတီ၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ လူများစုပါဝင်သည့်RND P ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း 7DayDaily ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘‘ဒီလိုလုပ်တာ တရားဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ANP အဖြစ် ဆက်ရှိနေမှာပါ။ တရားဝင်ကျွန်တော်တို့ဆီကို ရောက်ပြီဆိုရင် (ပါတီမှ ထုတ်ပယ် ကြောင်း အကြောင်းကြားစာရရှိ ပါက) အကျိုးအကြောင်းနဲ့ပြန်ပြီး ရှင်းလင်းသွားမယ်’’ဟု ဦးကျော် မြင့်က ဆိုသည်။
ယခုကိစ္စသည် ပါတီမူဝါဒ ရေးရာများ သဘောထားကွဲလွဲ ခြင်းသာဖြစ်ပြီး စည်းကမ်းဖောက် ဖျက်ခြင်း မဟုတ်ကြောင်းလည်း ALD ဘက်က ဆိုသည်။
မတ်လ ၁၃ ရက်တွင် ANP CEC အစည်းအဝေး၌ သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည့် ပြည်နယ်အစိုးရဦးဆောင်ဖွဲ့စည်းခွင့်မရပါက အတိုက်အခံပါတီ အဖြစ် ရပ်တည်ရေး၊ UNA နှင့်ဆက်ဆံရေး ရပ်စဲခြင်း စသည့်ထုတ်ပြန်ချက်များကိုလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။