ပါတီများ

Monday March 14, 2016

ယင်းသို့ ထုတ်ပယ်ခြင်းမှာ တရားမဝင်ဟု ထုတ်ပယ်ခံရသော ဦးကျော်မြင့်ပြော

ရခိုင်အမျိုးသားပါတီ (ANP)၏သဘောထားရပ်တည်ချက်များကို လက်မခံနိုင်ကြောင်း ရှင်းလင်းပွဲပြုလုပ်ထုတ်ပြန်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိသည်။

Wednesday March 9, 2016

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မူဝါဒများ၊ အသွင်ကူး ပြောင်းရေး ကိစ္စရပ်များနှင့်ပတ် သက်၍ ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်အပြင် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာဇော်မြင့်မောင်အား ပြောရေး ဆိုခွင့်ရှိသူအဖြစ် တိုးချဲ့တာဝန် ပေးအပ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက မတ်လ ၈ ရက်တွင် သတင်းထုတ်

Thursday March 3, 2016

လွှတ်တော်တွင်း ရှိ လွှတ်တော်ကိုယ်စားလှယ်များ ပါတီရေးရာလုပ်ငန်းများ ဆွေးနွေးနိုင်ရန် လွှတ်တော်အဆောက်အအုံအတွင်း သက်ဆိုင်ရာပါတီအလိုက် ရုံးခန်းများ စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။

Wednesday March 2, 2016

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များနှင့်ပတ်သက် ၍ ပြည်သူများက ကျေနပ်မှုမရှိ ပါက တိုင်ကြားနိုင်ရန် ပါတီက တိုင်ကြားရေးဌာနကို ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

Monday February 29, 2016

လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ် မစ တင်မီ နှစ်ပတ်သာလိုတော့သည့် အချိန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် များပါဝင်သော ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နေ ပြည်တော်၌ ကျင်းပခဲ့သည်။

Thursday February 25, 2016

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲနှင့်ပတ် သက်၍ ပြန်လည်သုံးသပ်ချက် ပြု လုပ်ရန် ယခုလကုန်၌တွေ့ဆုံမည် ဖြစ်ကြောင်းသတင်းရရှိသည်။

Monday February 22, 2016

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ အားသာချက်၊ အားနည်းချက်များ ဆွေးနွေးသုံး သပ်မည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ဖေဖော်ဝါရီလကုန်တွင် ရန်ကုန်မြို့၌ ကျင်းပရန် နိုင်ငံရေးပါတီများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

Tuesday February 16, 2016

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ရွေးချယ်မည့် ပါတီညီ လာခံတစ်ရပ်ကို လာမည့်မတ်လ အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပါတီမှ သတင်းရရှိသည်။

Monday February 15, 2016

ပြည်နယ်အစိုးရဖွဲ့စည်း ရာတွင် ဦးဆောင်ပါဝင်ခွင့်ရရေး ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သော ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးတစ်ရပ်ကို ရခိုင်အမျိုးသားပါတီက ရက်ပိုင်း အတွင်းပြုလုပ်ရန်ရှိကြောင်း ယင်း ပါတီထံမှ သတင်းရရှိသည်။

Thursday January 28, 2016

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၅ရွေးကောက်ပွဲအနိုင် ရပြည်ခိုင်ဖြိုးအမတ်များနှင့် သမ္မ တလယ်တောအိမ်၌ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲတွင် တွေ့ဆုံ ခဲ့ပြီး ပါတီကို ဆက်လက်ဦးဆောင် မည်ဟုပြောကြားကြောင်း တက် ရောက်ခဲ့သည့် အမတ်များထံမှ သတင်းရရှိသည်

Pages