လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ် မစ တင်မီ နှစ်ပတ်သာလိုတော့သည့် အချိန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် များပါဝင်သော ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နေ ပြည်တော်၌ ကျင်းပခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်၌ နေပြည်တော်ရှိ ဒေါ်အောင်ဆန်း စုကြည်နေအိမ်တွင် ဒေါ်အောင် ဆန်းစုကြည်ပါဝင်သော ဗဟိုအ လုပ်အမှုဆောင် အဖွဲ့အစည်းအ ဝေးကို မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
တစ်နာရီခွဲကြာမြင့်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေးတွင် ပါတီတွင်းရေးရာကိစ္စရပ်များ၊ စည်းရုံးရေးကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
အဆိုပါအစည်းအဝေးတွင် သမ္မတရွေးချယ်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဦးဝင်းထိန်က ပြော ကြားသည်။
လတ်တလော ပြင်ပတွင် ထွက်ပေါ်နေသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးမှု ပြီးစီးခြင်းရှိ၊ မရှိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတို့၏ ဝန်ကြီးချုပ်နေရာတို့အတွက် တပ်မတော်နှင့် ဆွေးနွေးနေသည်ဆိုသော ကိစ္စရပ်များကို ဆွေးနွေးခြင်းရှိ၊ မရှိကို သတင်းမီဒီယာများက မေးမြန်းရာအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အဖွဲ့ဝင် ၁၅ ဦးရှိရာ ဖေဖော်ဝါရီ ၂၈ ရက်ကကျင်း ပသော အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး ဝင်းမြင့်အပါအဝင် အဖွဲ့ဝင်အားလုံးတက်ရောက်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အနိုင်ရထားပြီး ပြည်ထောင်စုလွှတ်တော် ရွေး ကောက်ခံကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းခန့်ရရှိထားသည်။
လာမည့် မတ်လ ၁၇ ရက်၌လွှတ်တော်တွင် အစိုးရအဖွဲ့သစ် ၏ ခေါင်းဆောင်ဖြစ်သော သမ္မတ လောင်းရွေးချယ်ခြင်းလုပ်ငန်းစဉ် များကို စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၏ အစိုးရသစ် သည် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးမည့် လာမည့် မတ်လ ၃၀ ရက်နောက် ပိုင်းနိုင်ငံကို ငါးနှစ်တာ စီမံအုပ်ချုပ်ရတော့မည် ဖြစ်သည်။