သမ္မတဦးသိန်းစိန် အနိုင်ရပြည်ခိုင်ဖြိုး အမတ်များ နှင့် တွေ့ဆုံ၊ ပါတီကို ဆက်လက်ဦးဆောင်မည်ဟု ပြောကြား

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၅ရွေးကောက်ပွဲအနိုင် ရပြည်ခိုင်ဖြိုးအမတ်များနှင့် သမ္မ တလယ်တောအိမ်၌ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲတွင် တွေ့ဆုံ ခဲ့ပြီး ပါတီကို ဆက်လက်ဦးဆောင် မည်ဟုပြောကြားကြောင်း တက် ရောက်ခဲ့သည့် အမတ်များထံမှ သတင်းရရှိသည်။

‘‘သမ္မတကြီးက သက်တမ်း ကုန်ရင် ပါတီကိုဆက်လက်ဦး ဆောင်သွားမယ်လို့ပြောပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်’’ ဟု ပြည်ခိုင်ဖြိုးပါတီမှ ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးကျော်နီနိုင်ကပြောသည်။

တွေ့ဆုံပွဲသို့ အနိုင်ရပြည် ခိုင်ဖြိုးအမတ် ၄၀ ဦးခန့် တက် ရောက်ခဲ့ပြီး မိနစ် ၄၀ ခန့် ဆွေးနွေး ကာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကြံပြုသုံးသပ်ချက်များကို ဥက္ကဋ္ဌ ဦးသိန်းစိန်ကတောင်းခံခဲ့သည်။

‘‘အရင်က သမ္မတတာဝန်နဲ့ မို့ ပါတီတာဝန်တွေကို သေချာမ လုပ်နိုင်ခဲ့ဘူးလို့ပြောပါတယ်’’ဟု အနိုင်ရပြည်ခိုင်ဖြိုးအမတ်လောင်းဦးအောင်ရွှေက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ရွေးကောက်ပွဲမဝင်ခဲ့သော်လည်းသမ္မတဆက်လုပ်၊ မလုပ်ကို မတင်မကျ ပြောထားခဲ့ပြီး ၎င်း၏ သမ္မတ သက်တမ်းသည် လာမည့်မတ်လ ကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က နိုင်ငံ့ အကျိုးအတွက် လွှတ်တော်တွင်း ရှိ ပါတီဝင်များနှင့် လွှတ်တော်ပြင် ပရှိ ပါတီဝင်များ ပေါင်းစပ်လုပ် ကိုင်ရန်မှာကြားခဲ့ကြောင်းလည်း တက်ရောက်ခဲ့သူများက ပြော ကြားသည်။

ထို့အပြင် ပါတီအတွက် လူ ငယ်များဖြင့် သွေးသစ်လောင်း မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲသို့အနိုင်ရ ကိုယ်စားလှယ်များဖြစ်သည့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့လည်း တက်ရောက်ခဲ့သည်။

သို့သော် အနိုင်ရရှိသူအမျိုးသားလွှတ်တော် ဥက္ကဋ္ဌပါတီဗဟိုအကြံပေး ဦးခင်အောင်မြင့်က လွှတ်တော်တက်ရောက်ရန်ရှိသဖြင့် မတက်ရောက်ခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲတွင်အာဏာရပါတီဖြစ်ခဲ့သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၅ ၌ ပြည်သူ့ လွှတ်တော်အမတ်နေရာ ၃၀ နှင့် အမျိုးသားလွှတ်တော်အမတ် ၁၁ နေရာသာ အနိုင်ရရှိထားသည်။

ပြည်ခိုင်ဖြိုးပါတီသည်အဆို ပါနေ့ရက်တွင်ပင် ခြေလှမ်းစိပ်ခဲ့ ပြီး နံနက်ပိုင်း၌ ပါတီရုံးချုပ်တွင် အနိုင်ရ ကိုယ်စားလှယ်များအား ကြိုဆိုပွဲ ပြုလုပ်ခဲ့သည်။

နေ့လယ်ပိုင်းတွင် သမ္မတက တွေ့ဆုံခဲ့ပြီး ညပိုင်း၌ ပါတီရုံးချုပ်၌ပင် ၂၀၁၀ အနိုင်ရ ကိုယ်စားလှယ်များအား နှုတ်ဆက်ပွဲပြုလုပ် ခဲ့သည်။

Source: 

7 Day Daily