ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေး ကောက်ပွဲသုံးသပ်အစည်းအဝေးသို့ ပါတီများ အားဖိတ်ကြား

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ အားသာချက်၊ အားနည်းချက်များ ဆွေးနွေးသုံး သပ်မည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ဖေဖော်ဝါရီလကုန်တွင် ရန်ကုန်မြို့၌ ကျင်းပရန် နိုင်ငံရေးပါတီများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၉ ရက်က စတင်ကာ မတ်လ ၁ ရက်အထိ နှစ်ရက်ကြာကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲကို ပါတီဥက္ကဋ္ဌ (သို့မ ဟုတ်) ပါတီကို ကိုယ်စားပြုကာ ပါတီဝင်တစ်ဦးတက်ရောက်ရန် အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖိတ်ကြား ထားကြောင်း ရခိုင်အမျိုးသားပါတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။‘‘ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရဲ့ အားသာချက်၊ အားနည်းချက် တွေကို ပါတီတွေက တင်ပြကြရ မယ်။ ပြီးတော့ အဲဒါတွေကိုနောက် ရွေးကောက်ပွဲအတွက် အကြံပြု နိုင်အောင် ပြုစုမယ့်ဆွေးနွေးပွဲမျိုး ဖြစ်နိုင်တယ်’’ဟု ရခိုင်အမျိုးသား ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြော သည်။

နေပြည်တော်တွင် မကြာ သေးမီက ရွေးကောက်ပွဲလွန်ကာ လ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပ ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၎င်းဦးစီးကျင်းပခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ပြန် လည်သုံးသပ်ပြီး နောက်လာမည့် ရွေးကောက်ပွဲကော်မရှင်အတွက် အကြံပြုချက်များထားခဲ့မည်ဖြစ် ကြောင်း ပြောကြားထားဖူးသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က မဲအပြတ်အ သတ်ဖြင့် အနိုင်ရရှိခဲ့သည်။

Source: 

7 Day Daily