ဒီချုပ်ကိုယ်စားလှယ်များကို တိုင်ကြားနိုင်သည့် တိုင်ကြားရေးဌာနဖွင့်

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များနှင့်ပတ်သက် ၍ ပြည်သူများက ကျေနပ်မှုမရှိ ပါက တိုင်ကြားနိုင်ရန် ပါတီက တိုင်ကြားရေးဌာနကို ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

‘‘တိုင်တဲ့သူတွေက မှတ်ပုံ တင်ပါမယ်။ လိပ်စာပါရမယ်။ ဖုန်းနံပါတ်ပါရမယ်။ ကျွန်တော် တို့ကိုယ်စားလှယ်တွေ အလုပ် မလုပ်တာတွေ လျစ်လျူရှုထား တာတွေ တိုင်လို့ရတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးဝင်းထိန်က ဆိုသည်။

အဆိုပါ တိုင်ကြားရေးဌာန ကို ဖေဖော်ဝါရီ ၂၈ ရက်က ဖွင့် လှစ်ခြင်းဖြစ်ပြီး ပါတီ၏ အရန်ဗဟို အလုပ်အမှုဆောင်ဖြစ်လာသူ ဒေါက်တာမျိုးညွန့်အား တာဝန်ပေးထားသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ပတ်သက်လို့ တိုင်ကြားတာ တွေ၊ မကျေနပ်တာတွေကို အ ကုန်လုံးစိစစ်ပြီးတော့ ပါတီစည်း ကမ်းဆို ပါတီစည်းကမ်းနဲ့ လုပ် မယ်။ ဥပဒေကြောင်းဆို ဥပဒေ ကြောင်းနဲ့ လုပ်မယ်။ ရဲဘော်ရဲ ဘက်စိတ်နဲ့ ဖျောင်းဖျပြင်ဆင်လို့ ရရင် ပြင်ဆင်ပေးမယ်။ ပြင်ဆင် လို့မရဘူးဆိုမှ အရေးယူတဲ့အ ဆင့်ကို လုပ်မယ်။ ယတိပြတ် တော့ မလုပ်ပါဘူးဟု ဦးဝင်းထိန် က ဆိုသည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ၎င်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ အား ပြည်သူ့မျက်နှာကိုကြည့်ပြီး ပြည်သူ့အကျိုးအတွက် အစွမ်းကုန် ဆောင်ရွက်ရန် မှာကြား ထားမှု ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အနိုင်ရထားပြီး ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၄၀၀ ခန့်ရှိသော ပြည်ထောင်စုလွှတ်တော်၌ ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်များ၏ ၈၀ ရာခိုင်နှုန်းခန့် ရရှိထားသည်။

Source: 

7 Day Daily