ပြည်နယ်အစိုးရဖွဲ့စည်း ရာတွင် ဦးဆောင်ပါဝင်ခွင့်ရရေး ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သော ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးတစ်ရပ်ကို ရခိုင်အမျိုးသားပါတီက ရက်ပိုင်း အတွင်းပြုလုပ်ရန်ရှိကြောင်း ယင်း ပါတီထံမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်လွှတ်တော် တွင် နေရာအများဆုံးရရှိထားခြင်း ကြောင့် ပြည်နယ်အစိုးရကို ဖွဲ့ စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် နေရာအပါအဝင် အစိုးရအဖွဲ့ဝင် နေရာအများဆုံးရရေး အစီအစဉ်များကို ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
‘‘ပြည်နယ်အစိုးရဖွဲ့တဲ့အခါ မှာ ဘယ်လိုစီမံဆောင်ရွက်ကြမ လဲဆိုတာ ပါတီဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးခေါ်ရမယ်။ အစိုးရအဖွဲ့ဟာ ပြည်နယ်အ ကြောင်း သိတဲ့သူတွေပဲပါဝင်သင့် တယ်’’ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။
ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်တွင် ၂၃ နေရာဖြင့် နေရာအများဆုံးရထား သော်လည်း ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ ပြည်နယ်နှင့်တိုင်းဒေသ ကြီးဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတကသာ ရွေးချယ်ခန့်အပ် ပိုင်ခွင့်ရှိသဖြင့် ပြည်နယ်ဝန်ကြီး ချုပ်နေရာအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ရခိုင်အမျိုးသားပါတီက ညှိနှိုင်းဆွေးနွေးရမည်ဖြစ်သည်။
‘‘ကျွန်တော်တို့အနေနဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စကား ပြောမှ ပြည်နယ်အစိုးရအဖွဲ့အ တွက် အဆင်ပြေမှာပါ။ ကျွန် တော်တို့ပါတီဘက်ကတော့ ပြင် ထားပြီးပြီ။ ဆွေးနွေးဖို့အတွက်ကို အဆင်သင့်ပဲ’’ဟု ဦးထွန်းအောင် ကျော်က ရခိုင်အမျိုးသားပါတီ သဘောထားကို ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်း က ထုတ်ပြန်ခဲ့သော ရခိုင်အမျိုး သားပါတီ ကြေညာချက်တွင် ပြည်နယ်ဝန်ကြီးချုပ်နေရာနှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်မရပါက မည်သည့်အ စိုးရအဖွဲ့တွင်မှ ပါဝင်မည်မဟုတ် ဘဲ အတိုက်အခံအဖြစ် ရပ်တည် မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအေးသာအောင်အား အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၅ နေရာရှိရာ ရခိုင်အမျိုးသား ပါတီက ၂၃ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုးနေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာအနိုင် ရရှိထားသည်။