သတင်းများ

Wednesday March 16, 2016

နိုင်ငံရေးစိတ်ပါဝင်စားသူများအတွက် ယခုရက်ပိုင်း အဓိကစိတ်ဝင်စားနေသောအကြောင်းအရာများတွင် ဒုတိယသမ္မတများ၏ လုပ်ငန်းတာဝန်ခွဲဝေမှုမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒီချုပ်ကိုယ်စားလှယ်များက တင်သွင်းသော ဒု သမ္မတနှစ်ဦးနှင့် တပ်မတော်က တင်သွင်းသော ဒုသမ္မတတစ်ဦးတို့ အမည်စာရင်းများ ထွက်ပေါ်ပြီးချိန်တွင် ဒုသမ္မတတာဝန်

Wednesday March 16, 2016

လာမည့်အစိုးရအဖွဲ့သစ်တွင် ပါ၀င်ဖွဲ့စည်းမည့် ၀န်ကြီးဌာန အရေအတွက်နှင့်၀န်ကြီး ဦးရေစာရင်းကို မတ်လ ၁၇ ရက် တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Tuesday March 15, 2016

အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။

Tuesday March 15, 2016

အူအတက်ရောင်သောကြောင့် နေပြည်တော်ခုတင် တစ်ထောင်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသခံယူခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျွန်းစုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲသို့ ၀ှီးချဲဖြင့်သွားရောက်ကာ မဲပေးမည်ဖြစ်သည်။

Tuesday March 15, 2016

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတမဲပေးရွေးချယ်ရာ၌ မဲပေးမမှားကြစေရန် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် များအား ပြောကြားခဲ့သည်။

Monday March 14, 2016

နိုင်ငံတော်သမ္မတအား ဆန္ဒမဲပေးရွေးချယ်ရာ၌ မဲလက်မှတ်ပေါ်တွင် မှားယွင်းရေးသားမိလျှင် ဆန္ဒမဲလက်မှတ်အသစ်လဲ လှယ်ပေးရန် တောင်းခံနိုင် ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင် မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၌ ဖော်ပြပါရှိသည်။

Monday March 14, 2016

အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ၀န်ကြီးများ ခန့်အပ်ရေး၊ ၀န်ကြီးဌာနများ သတ်မှတ်ရေးနှင့်ပတ်သက်၍ ရွေး ကောက်ပွဲအနိုင်ရ အင်န်အယ်လ် ဒီပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်က ဒုသမ္မတအဖြစ် တင် မြောက်ခံရသည့် ဦးထင်ကျော်တို့ ညိနှိုင်းဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။

Monday March 14, 2016

နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်၌ လျှို့ဝှက်မဲဖြင့် မဲပေးရွေးချယ်ရာတွင် ပယ်မဲဟု သတ်မှတ်နိုင်သည့် အခြေအနေ ခုနစ်မျိုးရှိကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ နည်းဥပဒေ၌ ဖော်ပြပါရှိသည်။

Monday March 14, 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်တို့ မှ တင်မြောက်ထားသောဒုသမ္မတ သုံးဦးတို့အား သမ္မတအရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ် ထားသော တွေ့ရှိချက်ကို ယနေ့ (မတ်လ ၁၄ ရက်)ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

Pages