ကုန်ကျစရိတ်
၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရန် ပျက်ကွက် သည့်ကိုယ်စားလှယ်လောင်း ၁၆၀ဦးနှင့် ရွေးကောက်ပွဲကိုယ်စား လှယ် ၂၄ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးပြီးနောက် အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာ လိုက်သည်။
ရွေးကောက်ပွဲ အသုံးစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများကို စတင်စစ်ဆေးနေပြီး လာရောက် စစ်ဆေးခံခြင်းမရှိသည့် ကိုယ်စား လှယ်အများအပြားရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀-ရွေးကောက် ပွဲကုန်ကျစရိတ်မတင်သွင်းသည့် ကိုယ် စားလှယ်များကို အရည်အချင်းပျက် ယွင်းကြောင်း ကြေညာရန်သင့်၊ မသင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ခုံအဖွဲ့မှ ယနေ့(ဇန်နဝါရီ ၂၁ ရက်)တွင် စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲကုန်ကျ စရိတ်မတင်သည့် ကိုယ်စားလှယ် လောင်းများကို အရည်အချင်း ပျက်ယွင်းသူများ ဟုတ်၊ မဟုတ် စစ်ဆေးဆုံးဖြတ်နိုင်ရန် လေးရက် တွင်း အပြီးကြားနာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
စစ်ဆေးလျက်ရှိသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှု များကို အသစ်ဖွဲ့စည်းမည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံသို့ လွှဲပြောင်းပေးရမည်ဖြစ် ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦး ဝင်းကြည်ကပြောကြားသည်။
ရွေးကောက်ပွဲရလဒ်ကို ကြေညာထားပြီးဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ရွေးကောက်ပွဲကုန်ကျစရိတ်တင်ပြလာသူ နည်းပါးနေ သည့်အတွက် သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သတင်းရ ရှိသည်။
မွန်ပြည်နယ် ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော် ကိုယ်စားလှယ် လောင်း ၂၇၉ ဦးသည် နိုဝင်ဘာ ၂၄ ရက်အထိ ရွေးကောက်ပွဲအ သုံးစရိတ် လာရောက်တင်သွင်း သူ မရှိသေးကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သတင်းရရှိသည်။
ရွေးကောက်ပွဲတွင် ပါ ဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းအားလုံး (နိုင်သူရော ရှုံး သူပါ)သည် ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရမည် ဖြစ်ပြီး မ တင်သွင်းပါက ရွေးကောက်တင် မြှောက်ခံရမှု ပျက်ပြယ်မည့်အပြင် လာမည့် ရွေးကောက်ပွဲများ၌ လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မ ဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင